Tuimang Khua mi khempeuh ki pawlna tawh hih Blog a ki bawl khia a hihi. Email: tuimang@gmail.com

Tuesday, November 30, 2021

MP Pu Cin Khan Khup Tangthu

Pu Cin Khan Khup(Guite) Kum 56 Tangthu



ချင်းပြည်နယ်၊ တွန်းဇန်မြို့နယ်၊ Tuimang ကျေးရွာနေ Pu Sian Khen Thang နှင့် Pi Tel Dim တို့မှ ၁.၉.၁၉၄၇ ရက်နေ့တွင် မွေးဖွားသော သားဦးရတနာဖြစ်ပါသည်။

မွေးချင်းညီ/ညီမများမှာ -

၁) Pa Cin Khan Khup - Nu Dim Ngaih Cing

၂) Pa Go Cin Sum - Nu Ngin Siam Cing

၃) Pa Niin Do Pau - Nu Don Ngaih Vung

၄) Lia Vial Khan Vung

၅) Nu Thang Khan Zen - Pa Hau Khan Sian


♥ပညာသင်ကြားခြင်း

မူလတန်းပညာကို Tuimang,Mauvom, Tuimui ကျေးရွာ တို့တွင် သင်ကြားခဲ့ပါသည်။ အလယ်တန်းပညာကို အလက-Tuimui ကျေးရွာတွင် သင်ကြားပြီး ၁၉၆၄ ခုနှစ်တွင် သတ္တမတန်းကို အောင်မြင်ပြီး၊ ၁၉၆၆ ခုနှစ်တွင် အထက-Tedim မှ High School Final အောင်မြင်ခဲ့ပါသည်။ ပညာသင်ကြားရာတွင် အစ်ကိုဖြစ်သူ Pu Lian Chi မှ ထောက်ပံ့ခဲ့ပါသည်။


♥အစိုးရအမှုထမ်း တာဝန် စတင်ထမ်းဆောင်ခြင်း

၁၉၆၇ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ ဖလမ်းမြို့နှင့် တွန်းဇန်မြို့တို့တွင် အခွန်တော် မြေတိုင်းစာရေး၊ မြေစာရင်း လ/ထ ဦးစီးမှူး စသည့် တာဝန်များကို အဆင့်ဆင့် ထမ်းဆောင်ခဲ့ပါသည်။


♥အိမ်ထောင်ပြုခြင်း

၁၉၇၄ ခုနှစ်တွင် တွန်းဇန်မြို့နေ Pu Cin Za Suan -(Pi Tun Zen) တို့၏ ဒုတိယသမီး Lia Dim Ngaih Cing(JAT)နှင့်ထိမ်းမြား မဂ်လာဆောင်နှင်း ခဲ့ပါသည်။ (Pu Lian Chi - Pi Biak Thuam) တို့မှ မဂ်လာဆောင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ပါသည်။ သား (၄)ယောက်နှင့်သမီး(၁)ယောက် ထွန်းကားခဲ့ပါသည်။

၁) Tg. Thang Khua Khai (ခတ္တ မလေးရှား)

၂) Tg. Suan Lun Mung (ခတ္တ မလေးရှား)

၃) Tg. Pau Kim Tuang( ဒုတိယနှစ် ဥပဒေ - ပြည်တက္ကသိုလ်)

၄) Tg. Lian Sian Sum (BTC - ပြည်)

၅) Lia Dim Tawi Lun (အထက-၁ - ပြည်)


♥နိုင်ငံရေးတာဝန်ထမ်းဆောင်ခြင်း

၁၉၇၂ - ၁၉၇၇ ခုနှစ်အထိ တွန်းဇန်မြို့နယ် လမ်းစဥ်လူငယ် စည်းရုံးရေးကော်မတီ အတွင်းရေးမှူး တာဝန်၊ မြို့နယ်တောင်သူလယ်သမား အစည်းအရုံး အတွင်းရေးမှူး တာဝန်ကိုလည်း ထမ်းဆောင်ခဲ့ပါသည်။ ၁၉၇၇ ခုနှစ်တွင် တွန်းဇန်မြို့နယ် ပါတီယူနစ် ကော်မတီဝင်အဖြစ် ရွေးချယ် တင်မြောက်ခြင်းခံရပြီး အတွင်းရေးမှူး တာဝန် ကိုလည်း ဆက်လက်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၇၇ - ၁၉၈၁ ခုနှစ်တွင် ဒုတိယအကြိမ် ပြည်သူ့လွတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲတွင် တွန်းဇန်မြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းကို ခံခဲ့ရပါသည်။ ယင်းသက်တမ်း ကာလတွင် ပြည်သူ့လွတ်တော် သဘာပတိအဖြစ် ရွေးချယ်ခြင်းကိုလည်း ခံခဲ့ပါသည်။


♥အစိုးရအမှုထမ်းတာဝန် ပြန်လည်ထမ်းဆောင်ခြင်း

နိုင်ငံရေးတာဝန်ထမ်းဆောင်ခြင်းမှ အနားယူပြီးနောက်ပိုင်းတွင် ၁၉၈၂ မှ ၁၉၈၅ ခုနှစ်အတွင်း မိခင်ဌာန ဖြစ်သော ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနတွင် ကျေးရွာအုပ်စု မြေစာရင်း လ/ထ ဦးစီးမှူးတာဝန်ကို ပြန်လည်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၈၅ မှ ၁၉၉၅ ခုနှစ်တွင် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန တီးတိန်မြို့တွင် မြေစာရင်းဦးစီးမှူး (လ/ထ ဦးစီးမှူး) ရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၂ မှ ၁၉၉၄ ခုနှစ်အတွင်း တီးတိန်မြို့နယ် ငြိမ်ဝပ်ပိပြားမှု တည်ဆောင်ရေးကော်မတီတွင် အတွင်းရေးမှူး တာဝန်ကိုပါ ပူးတွဲ ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၄ ခုနှစ် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ကျင်းပသော မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် နယ်စပ်ကုန်သွယ်ရေး ညှိုနှိုင်းအစည်းအဝေး၌ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပါသည်။ ၁၉၉၅ ခုနှစ်တွင် တီးတိန်မြို့မှ ရန်ကုန်တိုင်း ဒဂုံမြို့သစ်(တောင်ပိုင်း) ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနသို့ မြို့နယ်မြေစာရင်းဦးစီးဌာနမှူး(ဒု-ဦးစီးမှူး) တာဝန်ဖြင့် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီး ဒဂုံမြို့သစ်(၄) မြို့နယ်တို့၏ ဦးစီးမှူး တာဝန်များကိုပါ ပူးတွဲထမ်းဆောင်ခဲ့ပါသည်။ ၂၀၀၀ ပြည့်နှစ်တွင် ဦးစီးအရာရှိ ရာထူးသို့ တိုးမြှင့် ခန့်ထားခြင်း ခံရပြီး ပြည်မြို့သို့ ပြောင်းရွှေ့ပြီး၊ ခရစ်တော်၌ အိပ်ပျော်သောနေ့ ၂၉.၁၁.၂၀၀၃ အထိ တိုင်းပြည်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၅ ခုနှစ်တွင် အစိုးရမှ ပြည့်သူ့ဝန်ထမ်း တံဆိပ်ကို ချီးမြှင့်ခြင်း ခံရပါသည်။


♥သာသနာလုပ်ငန်း

ဖလမ်း၊ တီးတိန်၊ တွန်းဇန်၊ ရန်ကုန်နှင့် ပြည်မြို့များတွင် တိုင်းပြည်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရင်း ဘုရားသခင်၏ သာသနာလုပ်ငန်းတွင် စိတ်အားထက်သန်စွာ ဦးဆောင်ပါဝင်ခဲ့ပါသည်။ Tedim Baptist Church - Yangon တည်ထောင်နိုင်ရန်အတွက် အစပြုသူ (၇)ဦး အနက် (၁)ဦး အဖြစ် ပါဝင်ခဲ့ပါသည်။ ပြည်မြို့ မြန်မာနှစ်ခြင်း အသင်းတော်တွင် အသင်းထောက်လူကြီး တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။


ခရစ်တော်၌ အိပ်ပျော်နေ့ = ၂၉.၁၁.၂၀၀၃

သဂြုလ်သည့်နေ့ = ၂.၁၂.၂၀၀၃(Tue)


Pu Cin Khan Khup Sih Vui ni a Bulletin pan a ki tei sawn ahi hi.


*Pu Khup in hong sihsan zawh kum 18 cin ni phawkna hi a, Pu Khup pen Tuimang mi lak pan Hluttaw MP sem masa leh kumpi nasepna ah Officer ciang zakhang na a ngah masa penpen ahi hi. Khua le tui hong tawisang Tuimang pasal pha ahihi.


Lai ngelh a tupa: Nang Lian Tuang

Hihte ah Share sakve:

0 comments:

Post a Comment

Books

Khua sat vai

Copyright © 2011 Tuimang Vontawi | Design by T3Zomi